Friday, February 13, 2009

အမုန်းတရားနဲ့ စီးထိုးခြင်း


ညက အိပ်မက်မက်တယ်

သူမရဲ့ရင်ခွင်ထဲ ကိုယ်သင်းနဲ့လေးနဲ့ ခွေခွေလေး။

ခြစ်ခြစ်တောက် ပူနေတဲ့ နှလုံးသားမှာ

အနာအဆာ ဒဏ်ရာတွေနဲ့ လောင်ကျွမ်းလို့

ဥခဲ့တဲ့ အလွမ်းတွေလည်း ပျော်ဝင်ခဲ့ပြီ။

ဝေးမသွားပါနဲ့လား ညီမလေး

မနေရဲလို့

စိမ်းမသွားပါနဲ့လား ညီမလေး

မခံစားရဲလို့

မုန်းမသွားပါနဲ့လား ညီမလေး

ဒီမှာကြောက်လို့

အရူးမီးဝိုင်းနေတဲ့ နေ့စွဲတွေနဲ့ ဝေးရာ။

မင်းမျက်နှာပေါ် ဖြာကျနေတဲ့ ရောင်ခြည်တန်းလေးကို မုန်းတယ်

မင်းလိမ်းခြယ်ထားတဲ့ အညာသနပ်ခါးလေးကို မုန်းတယ်

မင်းဝတ်ဆင်ထားတဲ့ တီရှပ်ပေါ်က ၀က်ဝံရုပ်လေးကို မုန်းတယ်

ကျစ်ကျစ်လစ်လစ် ခြည်နှောင်ထားတဲ့ ခေါင်းစီးကြိုးလေးကို မုန်းတယ်။

တကယ်တော့ ငါကလွဲပြီး မင်းဘာကိုမှ မ၀တ်ဆင်စေချင်ဘူး။

အချစ်ကြီးသူရဲ့ ကန္တာရကွင်းပြင်ထဲ

ချိုင့်နေတဲ့ ပါးချိုင့်လေးကို ၀ိုင်းနေအောင် ပြုံးပြလိုက်စမ်းပါ

ပုန်းကွယ်နေတဲ့ မေတ္တာတစ်စက်လောက်

သောက်လိုက်ရရင် သေပျော်ပါပြီ။

ညီမလေး….

ငါ့မှာတော့ ဆာလောင်မှုတွေနဲ့ အသက်ဆက်နေရတယ်။

မောင်မင်းစိုး

1 comment:

myat said...

ကဗျာလေးကို ဆိုက် http://sites.google.com/site/poetmyatwai/မှာတင်ရအောင်ကူးသွားပါတယ်။
ကူးပြီးမှ ခွင့်တောင်းတဲ့အတွက် တောင်းပန်ပါတယ်။
မြတ်ဝေ