Friday, August 14, 2009

ဒဏ်ရာ


မနေ့က ဘာဖြစ်ခဲ့တယ်
မနက်ဖြန် ဘာဖြစ်ဦးမယ်
မသိချင်ဘူး
ဒီနေ့ နေပူတယ်။

အလိုဆန္ဒနဲ့ တပ်မက်မှုတွေ တောထနေတဲ့
ညထဲ
မင်းလဲ ဒီလိုပဲ ကွယ်ပျောက်သွားဦးမှာလား။

ဘယ်နတ်ဒေဝါမှလည်း ငါ့ဘေးမှာ မရှိဘူး
ဘယ်တန်ခိုးရှင်ကိုမှလည်း ငါ မတောင်းတဘူး
ငါ့စိတ်နဲ့ငါ့ကိုယ် သဟဇာတဖြစ်ဖို့
ငါကိုယ်တိုင် ထွင်းထုရမယ်။

ပိတောက်တွေ ပွင့်လိုက်
မိကျောင်းပန်းတွေ ပွင့်လိုက်
သဇင်တွေ ပွင့်လိုက်
ပန်းတွေပွင့်တိုင်း ငိြုေ<ွကးခဲ့ရတယ်။

မိုင်ပေါင်းထောင်သောင်းမက ဝေးကွာနေတဲ့
အာကာသဟင်းလင်းပြင်ထဲ
ကြယ်တစ်ပွင့်ရဲ့ ဈာပနဟာ
ဆိုနင့်ကြေကွဲလို့။

မေမေရေ...
သားရဲ့ ဒဏ်ရာက တစ်နေ့တစ်ခြား
ပိုဆိုးလာနေခဲ့တယ်။

မောင်မင်းစိုး

1 comment:

Banyarshein said...

ဘယ်နတ်ဒေဝါမှလည်း ငါ့ဘေးမှာ မရှိဘူး
ဘယ်တန်ခိုးရှင်ကိုမှလည်း ငါ မတောင်းတဘူး
ငါ့စိတ်နဲ့ငါ့ကိုယ် သဟဇာတဖြစ်ဖို့
ငါကိုယ်တိုင် ထွင်းထုရမယ်။

တကယ်ကောင်းတဲ့ စာသားတွေ ကျွန်တော်တို့လို့ နိုင်ငံရပ်ခြားမှာ ကိုယ့်ဒူးကိုယ်ချွန်နေရတဲ့ သူတွေ အဖို့တော့ ဒီစကားလုံးလေးတွေက အားတက်စရာပါပဲ